Sunday, August 31, 2014

သူများစက်ထဲကို ၀င်ကြည့်လိုက်ကြရအောင်

ဒီပိုစ့်ဟာ မသိသေးသော သူများ အတွက် အသုံးဝင်တဲ့ နည်းလေးပါ .... သိပြီးသား ဆရာများလဲ သည်းညီးခံပေးပါနော် .... မသိသေးသော သူများအတွက် ရည်ရွယ်ပါတယ် ... ဒီ Tool အကြောင်းကို ကျွန်တော် ကိုယ်တိုင် တက်သိ နားလည်လို့တော့ မဟုတ်ပါဘူး .... ကျွန်တော်တို့ အွန်လိုင်မှ ဆရာများမှ ဖော်ပြချက်ကို ပြန်လည်ဝေမျှ လိုက်တာပါ ....
ကဲဘော်ဘော်တွေ အတွက် Window 7 မှာပါတဲ့ Tools တစ်ခုရဲ့ အသုံးပြု ပုံလေး ကိုပြောချင် ပါတယ်.... ဒီကောင်လေးက Team Viewer တို့လို အသုံးပြုနိုင်တဲ့ Tool လေးပါ .... ကဲဘော်ဘော်တို့ ကွန်ပျူတာကနေ အွန်လိုင်းမှ တစ်ဆင့် တစ်ခြား တစ်ယောက်ရဲ့ ကွန်ပျူတာကို ၀င်ကြည့်ပြီးတော့ လိုအပ်တာလေးတွေကို လုပ်ပေးလို့ ရပါတယ် ....  စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် စိတ်ဝင် စားဖို့ကောင်းမှာပါ ... ကဲအောက်မှာ လုပ်ပုံ လုပ်နည်းလေးကို ကြည့်ကြည့်လိုက်ကြတော့နော် .....

လုပ်နည်းလေးကတော့
အရင်ဆုံး အကြည့်ခံရမဲ့ ကွန်ပျူတာမှ လုပ်ဆောင်ရမည့် အပိုင်း

၁။ Start >> Window Remote Assistance လို့ရိုက်ထည့်လိုက်ပါ .....

၂။  Box လေးတစ်ခု ကျလာတဲ့ပါလိမ့်မည်။ ကျလာတဲ့ Box လေးထဲမှ အနီရောင်လေးနဲ့ ပြထားတဲ့ နေ့ရာမှာ Click ပြီးဝင်လိုက်ပါ ......


၃။  ဒီမှာတော့ အနီရောင် ပြထားတဲ့ Save this invitation as a file လေးကိုနှိပ်ပြီး ရလာတဲ့ File လေးကို Desktop မှာ Save ထားလိုက်ပါ .....


၎။  Save လို့ပြီးတာနဲ့ Password ပေးတဲ့ Box လေးတစ်ခုပါ ကျလာပါလိမ်မည် .....
(မှတ်ချက် - ကျလာတဲ့ Box လေးကို မပိတ်လိုက်ပါနှင့် ... )


၅။  ရလာသည့် File နဲ့ Password ကို ကြည့်မည့်သူဆီသို့ mail ကနေ ပို့ပေးလိုက်ပါ ....
 ဒီအပိုင်ထိတော့ အကြည့်ခံရမည့်သူမှ လုပ်ဆောင်ရမှာပါ .... (password ကို notepad မှာ ရေးထည့်ပါ)


ကြည့်မည့်သူမှ လုပ်ဆောင်ရမည့် အပိုင်း

၁။  အကြည့်ခံရမည့်သူမှ ပို့လိုက်သော File ကိုဖွင့်ပြီး သူပေးလာတဲ့ Password လေးကို ကျလာတဲ့ Box ထဲမှာ ထည့်ပေးလိုက်ပါ ....

၂။  ဒါဆိုရင်တော့ အကြည့်ခံရမည့်ကွန်ပျူတာထဲကို ရောက်သွားပါပြီး .... ကြည့်လို့ရပါပြီး ... ပြု ပြင်ပေးလို့ ရပါပြီး .... သင်ကြားပေးလို့ရပါပြီး ....

ဒီနည်းလေးနဲ့ .... အခက်အခဲလေးတွေကို .... ကူညီဖြေရှင်းပေးနိုင်ပါစေ ...
အားလုံးပဲ အဆင်ပြေပါစေဗျာ .....






ကျွန်တော်ပြန်လည်မျှဝေသော နည်းပညာနဲ့ပတ်သက်ပြီး ကိုယ်သိသလို သူများတွေကို ပြန်လည်မျှဝေပေးလိုက်ကြပါ

0 comments:

Post a Comment

သူငယ်ချင်းတို့လဲကူညီတဲ့အနေတဲ့ ကျွန်တော့ရဲ့ ပြန်လည်မျှဝေခြင်း Facebook ပေ့လေးကို လိုက်လေးတစ်ချက်လောက်တော့ လုပ်သွားလိုက်ပါနော် ..... နည်းပညာနဲ့ပတ်သက်ပြီး ကိုယ်သိသလို သူများတွေကို ပြန်လည်မျှဝေပေးလိုက်ကြပါ .... ဒါကြောင့် ကျွန်တော့ရဲ့ Facebook Page လေးကို Like and Share လုပ်ပေးကြပါနော် ....