8/05/2014 04:53:00 AM
မျိုးလေး
ကျွန်တော်ဖော်ပြသော အကြောင်းအရာသည် သိပြီးသူများကို မရည်ရွယ်ပါ ... မသိသေးသော သူများအတွက် ဆေးတစ်ခွက်ဖြစ်ရင်ပဲ ကြေနပ်ပါပြီ ...
ကဲအခုဖော်ပြချက်လေးကတော့ .... ကွန်ပျူကိုဖွင့်လိုက် တာနဲ့ Passowerd ခံထားတာပဲဖြစ်ဖြစ် မခံထားတာပဲဖြစ်ဖြစ် Window Login ဆိုတာကြီးကို တွေ့နေရတဲ့အခါ ... အဲဒါကို အလိုလျောက် Auto Login ဖြစ်အောင်လုပ်တဲ့နည်းလမ်းလေးပါ .....
လုပ်နည်းလေးကတော့
၁။ Windows Start ထဲက Search လေးထဲမှာ
netplwiz လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ ......
၂။ အဲမှာ User Accounts ဆိုတဲ့ Box လေးကျလာပါလိမ့်မယ်။ ကျလာတဲ့ Box လေးထဲမှာ မိမိ Auto Login လုပ်ချင်တဲ့ အကောင့်ကို ရွေးပါ .... ကျွန်တော်ကတော့ Administrators ပဲသုံးထားတာမို့ Admin Account ကိုပဲ ရွေးထားပါတယ်။
၃။ User Accounts Box လေးထဲမှာ
Users must enter a user name and password to use this computer ဆိုတဲ့နေရာလေးမှာ အမှန်ခြစ်လေး ဖြုတ်ထားရပါမည်။
၎။ အမှတ်ခြစ်လေးဖြတ်ပြီးဆိုရင်တော့
Apply >> OK လေးကိုနှိပ်လိုက်ပါ ... ဒါဆိုရင်တော့ .... User Accounts ကို Auto Login လုပ်ဆောင်ချက်ပြီးဆုံးသွားပါပြီ .....
8/05/2014 12:26:00 AM
မျိုးလေး
ကဲဘော်ဘော်တွေကိုဒီတစ်ခါ ပြောပြခြင်တာလေးကတော့ Windows 7 မှ Admin Account အကြောင်းလေးပါ။ Window
7 သုံးတဲ့အခါ Regular account ကိုပဲ အများအားဖြင့်သုံးလေ့ရှိပါတယ်။ Admin account ကိုတော့ Window က auto
hide လုပ်ထားလေ့ရှိပါတယ်။
ဒါကြောင့် လိုအပ်တဲ့အခါ Admin
account ကို
ခေါ်ယူသုံးနိုင်ဖို့ ဖော်ထားချင်တဲ့အခါ ဖော်ရမယ့်နည်းလေးကို တင်ပြလိုက်ပါတယ်။ ဒီနည်းလေးကတော့ regular account ကနေ admin account ဖော်တဲ့နည်းလေးပဲဖြစ်ပါတယ်။ အောက်ကနည်းအတိုင်းလေး လိုက်လုပ်ကြည့်လိုက်ကြပါနော် .......
လုပ်နည်းလေးကတော့
1. Windows Start က search ကနေ cmd လို့ရိုက်ပီး Ctrl+Shift+Enter ဒါမှမဟုတ် Right Click ထောက်ပြီး run as Adminstrator အနေနှင့် run လိုက်ပါ။
2. ပွင့်လာတဲ့
Command prompt မှာ net user administrator /active:yes လို့အတိအကျရိုက် ပြီး Enter ခေါက်လိုက်ပါ။
3. Log
out လုပ်ပြီး
ပြန်ဝင်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ Built in ပါပြီးသား
Admin account လေးထွက်လာပါလိမ့်မယ်။
ကဲဒီနည်းလေးကတော့
regular account ကနေ admin ကိုပြန်ဖော်တဲ့နည်းလေးပါ။
admin အကောင့်ကို ပြန်ဖျောက်ထားချင်တယ်ဆိုရင်တော့ .....
အပေါ်ကအဆင့်အတိုင်းပြန်ဝင်ပြီးတော့ အဆင့် ၂ ရောက်ရင်တော့ net user administrator /active:no လို့အတိအကျရိုက်ပြီး Enter နှိပ်လိုက်ပါ။ Log
out လုပ်ပြီး
ပြန်ဝင်ကြည့်လိုက်ပါ။ မူလအတိုင်း လေးပြန်ဖြစ်သွားပါလိမ်မယ် ....
8/03/2014 06:03:00 AM
မျိုးလေး
ကဲဒါလေးကတော့ တိုက်တာ အဆောက်အဦများ ဆွဲခြင်း၊ 3D ပုံများရေးဆွဲခြင်းကိုလေ့လာ နေသူတွေ အတွက် တကယ်ကိုကောင်းတဲ့စာအုပ်လေးပါ ... အခုတော့ AutoCAD 2010 ပဲရှိသေးလို့ .... တင်ပေးလိုက်ပါတယ် .... နောက်ထက်စာအုပ် လေးတွေရရင်လဲတင်ပေးပါမယ် .... လိုချင်တယ်ကြိုက်တယ်ဆိုရင်တော့ အောက်ကလင့်မှာဒေါင်းတော့ဗျာ ဒေါင်းလော့လင့် 2 ခုနဲ့တင်ပေးထားပါတယ် ကြိုက်တဲ့လင့်ကနေသာ ဒေါင်းတော့ဗျာ .... အားလုံးပဲအဆင်ပြေပါစေ ....
ဒေါင်းလော့လင့် ....
MediaFire Link;
Solidfiles Link;
မျိုးလေး(နည်းပညာ).apk download
သူငယ်ချင်းတို့လဲကူညီတဲ့အနေတဲ့
ကျွန်တော့ရဲ့ ပြန်လည်မျှဝေခြင်း Facebook ပေ့လေးကို
လိုက်လေးတစ်ချက်လောက်တော့ လုပ်သွားလိုက်ပါနော် ..... နည်းပညာနဲ့ပတ်သက်ပြီး
ကိုယ်သိသလို သူများတွေကို ပြန်လည်မျှဝေပေးလိုက်ကြပါ .... ဒါကြောင့်
ကျွန်တော့ပေ့လေးကို Like and Share လုပ်ပေးကြပါနော် ....
8/02/2014 04:14:00 AM
မျိုးလေး
ဒီစာအလုပ်လေးကတော့ Photoshop Cs Tools တွေရဲ့ လျှို့ဝှက်ချက်လေးတွေကို အသေးစိတ် ရှင်းပြထားတဲ့စာအုပ်လေး ..... Photoshop ကိုလေ့လာသူတွေအတွက်တော့ စာအုပ်ကောင်းလေးတစ်ပါ .... Tools တွေရဲ့ အသုံးပြုပုံအသေးစိတ်ကို အလွယ်အတကူနည်း လည်းအောင် နမူနာပုံလေးတွေနဲ့ အရိုးရှင်းဆုံး တင်ပြထားတာလေးပါ ..... ကဲ Phohtoshop ရဲ့ Tools လေးတွေကို ဘယ်သူတွေစိတ်ဝင်စားလဲ .... စိတ်ဝင်စာတယ်ဆိုရင်တော့ အောက်ကလင့်မှာဒေါင်းသွားတော့ဗျာ .... ဒေါင်းလော့လင့် ၂ ခုနဲ့တင်းထားပေးပါတယ် .... ကြိုက်တဲ့လင့်ကနေသာဒေါင်းသွားတော့ဗျာ ... အားလုံးပဲအဆင်ပြေပါစေ ....
သူငယ်ချင်းတို့လဲကူညီတဲ့အနေတဲ့
ကျွန်တော့ရဲ့ ပြန်လည်မျှဝေခြင်း Facebook ပေ့လေးကို
လိုက်လေးတစ်ချက်လောက်တော့ လုပ်သွားလိုက်ပါနော် ..... နည်းပညာနဲ့ပတ်သက်ပြီး
ကိုယ်သိသလို သူများတွေကို ပြန်လည်မျှဝေပေးလိုက်ကြပါ .... ဒါကြောင့်
ကျွန်တော့ပေ့လေးကို Like and Share လုပ်ပေးကြပါနော် ....
8/02/2014 03:59:00 AM
မျိုးလေး
Photoshop ကိုဝါသနာပါတဲ့ဘော်ဘော်တွေ အတွက် ....
Photoshop Design Tutorials စာအုပ်လေးကို တင်ပေးလိုက်ပါတယ် .... Design တစ်ခုလုပ်ဖို့အတွက် ဖန်တီးမှုလေးတွေကို ပုံလေးတွေနဲ့တကွရှင်းပြရေးသားထားတာလေးပါ ... ဒီစာအုပ်ရေတဲ့သူကတော့
အောင်နိုင်မော် Pro-9(PCC) ဖြစ်ပါတယ် .... ဒီစာအုပ်လေးက Photoshop လေ့ကျင့်ရေးဆွဲနည်းစာအုပ်ပဲဖြစ်ပါတယ် ..... (ဒီစာဖတ်နေရင်းနဲ ... ဘော်ဒါတွေလိုချင်နေပြီမလား) ဘာမှတွေးမနေနဲ့နော် ....အောက်ကလင့်မှဒေါင်းသွားတော့ .... အဆင်ပြေအောင်လင့် ၂ ခုချိတ်ပေးထားပါတယ် ..... အားလုံးပဲအဆင်ပြေပါစေ .....
သူငယ်ချင်းတို့လဲကူညီတဲ့အနေတဲ့
ကျွန်တော့ရဲ့ ပြန်လည်မျှဝေခြင်း Facebook ပေ့လေးကို
လိုက်လေးတစ်ချက်လောက်တော့ လုပ်သွားလိုက်ပါနော် ..... နည်းပညာနဲ့ပတ်သက်ပြီး
ကိုယ်သိသလို သူများတွေကို ပြန်လည်မျှဝေပေးလိုက်ကြပါ .... ဒါကြောင့်
ကျွန်တော့ပေ့လေးကို Like and Share လုပ်ပေးကြပါနော် ....
8/01/2014 01:57:00 AM
မျိုးလေး
သူငယ်ချင်းတို့ရေ လင့်လေးတွေသေနေလို့ .... အားလုံးပြန်ချိတ်ပေးထား ပါတယ် ... အဆင်ပြေတဲ့လင့်ကနေသာဒေါင်းတော့ဗျာ .....
သူငယ်ချင်းတို့ရေ Blog နှင့်သက်ဆိုင်တာလေးတွေကို pdf file လေးနဲ့ ထည့်ပေးထားပါတယ် .... ဒါလေးတွေကို ကျွန်တော်ဒေါင်းထားတာကြာပါပြီ ..... ဘယ်သူ့နားကဒါင်းထားတာလဲတော့ သေခြာ မသိတော့ပါဘူး.... Blog တစ်ခုကို ဘယ်လိုတည် ဆောက်မလဲ... Web Page တွေကို ဘယ်ဖန်တည်းမလဲ.... HTML ရေးနည်း စာအုပ်လေးတွေပါ .... သူငယ်ချင်းတို့အသုံးတည့်မှာပါ.........
လိုချင်ရင်တော့ အောက်မှာဒေါင်းလိုက်တော့နော်....
8/01/2014 01:42:00 AM
မျိုးလေး
ဘော်ဘော်တွေအတွက် လင့်လေးတွေပြန်ချိတ်ပေးထားပါပြီ ... ကြိုက်တဲ့ လင့်ကနေသာဒေါင်းတော့ဗျာ .....
သူငယ်ချင်းတို့ ဒါလေးကတော့ Web Page ရေးသားရန် အခြေခံအလေ့ အကျင့်ကောင်းလေးတွေပါ .... သူငယ်ချင်းတို့ အဆင်ပြေစွာလေ့လာ နိုင် ကြပါစေ..... ဒီဟာလေးကို ပညာဓာန ဆိုက်နားကနေယူထားတာပါ .... မသိသေးတဲ့ သူငယ်ချင်းများကို ပြန်လည် ဝေမျှပေးလိုက်ပါတယ်ဗျာ .....
စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာဒေါင်း လိုက်တော့နော် .....
8/01/2014 01:39:00 AM
မျိုးလေး
သူငယ်ချင်းတို့ရေ
လင့်လေးတွေပြန်ချိတ်ပြီးတင်ပေးလိုပါပြီ .... အရင်လင့်တွေက သေလို့ပါ .....
အဆင်ပြေတဲ့လင့်ကနေသာ ဒေါင်းသွားတော့ဗျာ ...
ကဲသူငယ်ချင်းတို့ရေ ဒါလေးကတော့ အင်တာနက် အသုံးပြုနည်းလေးတွေ ပါ .... ဒါလေးကို ကျွန်တော် ကိုညီနေမင်း နားကနေ ယူထားတာပါ.... သူငယ်ချင်းတို့ အတွက် အသုံးဝင်မယ်ထင်လို့ ပြန်လည်ဝေမျှ ပေးလိုက် တယ်နော် ....ကျွန်တော် အများကြီး မပြောတော့ဘူး သူငယ်ချင်း တို့ ဒေါင်းပြီး သုံးကြည့်လိုက်ကြပေါ့ .... သူငယ်ချင်းတို့အတွက် အသုံးဝင် အသုံးတယ်မယ့် စာအုပ်လေး ဖြစ်မယ်ထင်ပါတယ် .....